MSM ဆိုသည်မှာ
MSM ဆိုသည်မှာ…..
မင်္ဂလာပါ။ ဒီနေ့မျှဝေသွားမှာကတော့ ကျွန်တော်တို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ ကြားဖူးနေတဲ့ ပြောဖူးလေ့ရှိကြတဲ့ အသုံးအနှုန်းတစ်ခုဖြစ်တဲ့ MSM ဆိုတဲ့ အရာလေးကို မျှဝေသွားမှာဖြစ်ပါတယ်။
MSM ဆိုတာဘာကိုပြောတာလဲ?....🤔🤔🤔
….. MSM ဆိုတာကတော့ Man having sex with men (or) Men who have sex with men - အမျိုးသားချင်း လိင်မှုကိစ္စရှိသူ (သို့) အမျိုးသားခြင်း လိင်ကိစ္စနှစ်သက်သူ) လို့ခေါ်ပါတယ်။ တစ်နည်းအားဖြင့် ဆိုသော် အမျိုးသားတစ်ဦးနှင့် အခြားအမျိုးသား တစ်ဦးတို့ကြားထဲက Sexual Activities- လိင်ကိစ္စ (မေထုန်ပြုမူ) ပြုလုပ်တာကို ရည်ညွှန်းတာဖြစ်ပါတယ်။
MSM ဆိုတာဘယ်ကပေါ်ပေါက်လာတာလဲ?....🤔🤔🤔
…...MSM ဆိုတဲ့ အသုံးအနှုန်းက ၁၉၉၀ ပြည့်နှစ်ဝန်းကျင်ကစပြီး လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများနှင့်ပတ်သတ်ပြီး အထူးသဖြင့် HIV/AIDS ကျန်းမာရေးဆိုင်ရာ ကာကွယ်ခြင်းကနေ လိင်မှုရေးရာ အသုံးအနှုန်း၏ လိင်ကိစ္စဆက်ယှက်မှုတစ်ခုအနေဖြင့် ပြောဆိုသုံးနှုန်းလာကြတာဖြစ်ပါတယ်။ (ဒါကိုစိတ်ဝင်စားလို့ ဖတ်ချင်တယ်ဆိုရင် HIV သမိုင်းကြောင်းထဲက လိင်မှုရေးရာ အသုံးအနှုန်းတွေကို Google နှင့် Wiki မှာရှာဖတ်နိုင်ပါတယ်- တချို့အရာတွေကိုတော့ လိင်မှုရေးရာ ဘာသာရပ်ကိုသိထားလေ့လာထားမှသာသိနိုင်ပါတယ်)။
MSM နဲ့ Gay ဆိုတဲ့ အသုံးအနှုန်းက ဘယ်လိုကွဲပြားမှုရှိလဲ?.....😶🌫️😶🌫️😶🌫️
….. MSM ဆိုတာကတော့ အမျိုးသား(ဇီဝကမ္မအရလိင်ဖြစ်တည်လာသော) အချင်းချင်းကြားက Sexual Activities- လိင်ကိစ္စ (မေထုန်ပြုမူ) ပြုလုပ်တာကို ရည်ညွှန်းတာဖြစ်ပါတယ်။
…... Gay ဆိုတာကတော့ Gender Identity-ဂျဲန်ဒါဖြစ်တည်မှု နှင့် Sexual Orientation-လိင်စိတ်တိမ်းညွှတ်မှုကိုရည်ညွှန်းတဲ့ စကားရပ်တစ်ခုဖြစ်ပါတယ်။ 20 ရာစု အထိက လိင်တူချစ်သူ အသိုင်းအဝိုင်းတစ်ခုလုံးကို ခေါ်ညွှန်းရည်ညွှန်းသုံးစွဲကြတာဖြစ်ပြီး… 20 ရာစုကျော်လာတဲ့အခါမှာတော့ လိင်တူချစ်သူတွေကို ကိုယ်စားပြုတဲ့ အခေါ်အဝေါ်အသီးသီးပေါ်ပေါက်လာပြီး Gay ဆိုတာက အမျိုးသားချင်း လိင်တူချစ်သူတွေကိုသာ ခေါ်ညွှန်းရည်ညွှန်းသုံးစွဲလာကြပါတယ်။
….. ဒါ့ကြောင့် MSM ဆိုတာ မွေးဖွားရာကတည်းက ယောက်ကျားတန်ဆာ-Penisပါလာတဲ့ အမျိုးသားချင်း လိင်ကိစ္စဆက်ယှက်မှုရှိတဲ့ မည်သူ့ကိုမဆို ရည်ညွှန်းပြောဆိုတဲ့ လိင်မှုရေးရာ ကျန်းမာရေး(လိင်မှတဆင့်ကူးစက်တတ်သောကျန်းမာရေးကိုအခြေခံတဲ့) ဆိုင်ရာအသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။…. Gay တွေကိုမှ MSM လို့ခေါ်တာမဟုတ်ပါဘူး ယောက်ကျားစစ်စစ်လည်း တခြားယောက်ကျားတစ်ယောက်နဲ့ လိင်ကိစ္စဆက်ယှက်ပါက MSM လို့ခေါ်ပါတယ်။ ဒါ့ကြောင့် MSM-အမျိုးသားချင်း လိင်ကိစ္စဆက်ယှက်သူသည် လူပျိုယောက်ကျားစစ်စစ်တစ်ယောက်လည်း ဖြစ်နိုင်သလို၊ အိမ်ထောင်ကျ မိန်းမယူထားတဲ့ ယောက်ကျားစစ်စစ်တစ်ယောက်လည်းဖြစ်နိုင်သလို၊ Gay တစ်ယောက်လည်းဖြစ်နိုင်သလို၊ ယောက်ကျားကနေအမျိုးသမီးတစ်ဦးအဖြစ်ပြောင်းလဲ ခံယူထားတဲ့ Transgender Woman တစ်ယောက်လည်းဖြစ်နိုင်ပါတယ် (သို့ပေမယ် Transgender Womanက အမျိုးသမီးတစ်ဦးကဲ့သို့အားလုံးပြောင်းလဲပြီးရင်တော့ MSM လို့သုံးနှုန်းလို့မသင့်တော့ပါဘူး) ….. ဆိုလိုတာကတော့ ယောက်ကျားချင်း လိင်မှုကိစ္စဆက်ယှက်တဲ့ ဇီဝကမ္မအရ မွေးဖွားရာကတည်းက ယောက်ကျားတန်ဆာပါသူတိုင်းကို ဆိုလိုတာဖြစ်ပါတယ်။
….. MSM ဆိုတဲ့ အသုံးအနှုန်းမြစ်ဖျားခံလာတဲ့ လိင်မှုရေးရာ ကျန်းမာရေးထဲကတစ်ခုဖြစ်တဲ့ HIV ကာကွယ်ရေးကျန်းမာရေးဆိုင်ရာအသုံးအနှုန်းတစ်ခုဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေအားလုံးက ဒီအရာတွေကို ကောင်းကောင်းနားလည်သဘောပေါက်ဖို့လိုအပ်ပါတယ်။ HIV ကာကွယ်ရေးဝန်ထမ်းတွေက ပိုလို့တောင် နားလည်သဘောပေါက်ထားရပါမယ်။ ဒါပေမယ့် MSM ဆိုတဲ့ အသုံးအနှုန်းကို အခြေခံပြီး ခွဲခြားဆက်ဆံတာ- discrimination လုပ်တာ၊ Stereotype-ပုံစံသွတ်သွင်းတာတွေဟာ လူသားချင်း စာနာထောက်တာမှုဆိုင်ရာ ကျန်းမာရေးအခြေခံမူတွေကို ချိုးဖောက် ချိုးဖျက်တာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု-Sexual Exploitation and Abuse မြောက်စေပါတယ်။
...... အချုပ်အားဖြင့်ဆိုသော် ကျွန်တော်က ယောက်ကျားခြင်းမကြိုက်ဘူး လိင်ကိစ္စဘဲဖြစ်ချင်တာ၊ ကျွန်တော်က မိန်းမရှိတယ် ယောက်ကျားလေးတစ်ယောက်ကို ကြုံတုန်းစားလိုက်တာ၊ ကျွန်တော်က Gay ယောက်ကျားခြင်းဘဲ ဆက်ဆံချင်တာ ဆက်ဆံမိတာ စသဖြင့် တစ်ကြိမ်တစ်ခါဘဲဆက်ဆံ အကြိမ်များစွာဘဲဆက်ဆံပါစေ စသော အကြောင်းအရာများအားလုံးသည် Sexual Activities- လိင်ကိစ္စဆက်ယှက်မှု(မေထုန်ကိစ္စ) ထဲအကြုံးဝင်သောကြောင့် MSM- Man Having Sex with Men ဖြစ်သည်။
.... MSM ဆိုတာကလည်း လူတစ်ယောက်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိန်းသိမ်းရမည့်အရာ (ပုဂ္ဂိုလ်ရေးလိင်ကိစ္စ) ဖြစ်ပါသည်။
Definition and Origin
What is MSM? It stands for Men having Sex with Men (or Men who have Sex with Men). It specifically refers to the sexual activity between two males.
Origin: The term emerged around the 1990s in the context of public health, specifically regarding HIV/AIDS prevention. It was created to focus on sexual behaviors rather than social identities.
MSM vs. Gay: The Key Distinction
You made a crucial distinction between these two terms:
MSM: Refers strictly to the act (sexual activity) between biological males. It is a behavioral definition.
Gay: Refers to Gender Identity and Sexual Orientation. It is an identity label for men who love men.
Who falls under the "MSM" category?
Because MSM is about behavior, not identity, it covers a wide range of people. As long as a person is biologically male and has sex with another male, they fall under this definition. This includes:
"Straight" men (single or bachelors).
Married men (who may have wives but engage in sex with men).
Gay men.
Transgender women (However, you noted an important ethical nuance: if a Transgender woman has fully transitioned to living as a woman, it is often no longer appropriate to label her as MSM).
Professional Ethics and Privacy
Health Workers: Professionals, especially those in HIV prevention, must understand that MSM applies to behavior, not just "Gay" people.
Non-Discrimination: The term MSM should not be used to stereotype or discriminate. Doing so violates human rights and medical ethics.
Privacy: Being MSM is a private matter.
My Key Takeaway: The most important lesson here is that "Gay" is who you are, while "MSM" is what you do. A man can be heterosexual in public identity but still engage in MSM behavior.
ပုံနှင့်စာများ(Copy)ကူးယူဖော်ပြခွင့်မပြုပါ။
#NVirgo#SexualHealth
#MSM#SexualActivities

Comments
Post a Comment