Posts

Showing posts from November, 2025

(Sexual Orientation) လိင်စိတ်တိမ်းညွှတ်မှုဆိုသည်မှာ …..

Image
  (Sexual Orientation) လိင်စိတ်တိမ်းညွှတ်မှုဆိုသည်မှာ ….. မဂ်လာပါ။ ဒီနေ့မျှဝေသွားမှာကတော့ လူသား လိင်မှုရေးရာ (Human Sexuality) တွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လူသားတွေရဲ့ လိင်စိတ်တိမ်းညွှတ်မှု (Human Sexual Orientation) ကိုမျှဝေမှာဖြစ်ပါတယ်။ လိင်စိတ်တိမ်းညွှတ်မှုဆိုတာကတော့.. လူတစ်ယောက်မှ တခြားသူအပေါ် လိင်ပိုင်း၊ ရုပ်ပိုင်း၊ ခံစားချက်နှင့် ချစ်ခြင်းမေတ္တာ သက်ရောက်မှုတွေဖြစ်ပေါ်လာတာဘဲဖြစ်ပါတယ်။ လိင်စိတ်တိမ်းညွှတ်တဲ့အခါမှာ…. အမျိုးသားက အမျိုးသမီးကိုလည်းကောင်း၊ 👫 အမျိုးသမီးက အမျိုးသားကိုလည်းကောင်း၊ 👫 အမျိုးသားက အမျိုးသားကိုလည်းကောင်း၊ 👬 အမျိုးသမီးက အမျိုးသမီးကိုလည်းကောင်း၊👭 အမျိုးသားက အမျိုးသမီးသာမက အမျိုးသားကိုလည်းကောင်း၊👫👬 အမျိုးသမီးက အမျိုးသားသာမက အမျိုးသမီးကိုလည်းကောင်း 👬👫(ဂျဲန်ဒါဆိုင်ရာအသုံးအနှုန်းအရစကားရပ်များရှိပါ‌သေးသည်)လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်နှင့် ချစ်ခြင်းမေတ္တာဖြစ်ပေါ် သက်ရောက်ခြင်းဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ဥပမာ- ဝက်၊ မြွေ၊ သစ်ပင်၊ လိင်ပိုင်းဆိုင်ရာ ပစ္စည်းကိရိယာ၊ စီလီကွန်အရုပ် အစရှိတဲ့ တခြားသော သက်ရှိသက်မဲ့များ အရာတွေအပေါ်မှာလည်း လိင်ပိုင်းဆိုင်ရ...

MSM ဆိုသည်မှာ

Image
 MSM ဆိုသည်မှာ….. မင်္ဂလာပါ။ ဒီနေ့မျှဝေသွားမှာကတော့ ကျွန်တော်တို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ ကြားဖူးနေတဲ့ ပြောဖူးလေ့ရှိကြတဲ့ အသုံးအနှုန်းတစ်ခုဖြစ်တဲ့ MSM ဆိုတဲ့ အရာလေးကို မျှဝေသွားမှာဖြစ်ပါတယ်။ MSM ဆိုတာဘာကိုပြောတာလဲ?....🤔🤔🤔 ….. MSM ဆိုတာကတော့ Man having sex with men (or) Men who have sex with men - အမျိုးသားချင်း လိင်မှုကိစ္စရှိသူ (သို့) အမျိုးသားခြင်း လိင်ကိစ္စနှစ်သက်သူ) လို့ခေါ်ပါတယ်။ တစ်နည်းအားဖြင့် ဆိုသော် အမျိုးသားတစ်ဦးနှင့် အခြားအမျိုးသား တစ်ဦးတို့ကြားထဲက Sexual Activities- လိင်ကိစ္စ (မေထုန်ပြုမူ) ပြုလုပ်တာကို ရည်ညွှန်းတာဖြစ်ပါတယ်။ MSM ဆိုတာဘယ်ကပေါ်ပေါက်လာတာလဲ?....🤔🤔🤔 …...MSM ဆိုတဲ့ အသုံးအနှုန်းက ၁၉၉၀ ပြည့်နှစ်ဝန်းကျင်ကစပြီး လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများနှင့်ပတ်သတ်ပြီး အထူးသဖြင့် HIV/AIDS ကျန်းမာရေးဆိုင်ရာ ကာကွယ်ခြင်းကနေ လိင်မှုရေးရာ အသုံးအနှုန်း၏ လိင်ကိစ္စဆက်ယှက်မှုတစ်ခုအနေဖြင့် ပြောဆိုသုံးနှုန်းလာကြတာဖြစ်ပါတယ်။ (ဒါကိုစိတ်ဝင်စားလို့ ဖတ်ချင်တယ်ဆိုရင် HIV သမိုင်းကြောင်းထဲက လိင်မှုရေးရာ အသုံးအနှုန်းတွေကို Google နှင့် Wiki မှာရှာဖတ်နိုင်ပါတယ်- တချို့အရာတွေကိုတော့ လိင်မှု...

Sexual Violence - Part (2)

Image
ကိုယ်တိုင် ငြင်းဆိုပါ ….. ဒီနေ့မျှဝေမှာကတော့ လိင်မှုရေးရာ သဘောတရားတွေထဲက လူမှုပတ်ဝန်းကျင်မှာသတိပြု သဘောပေါက် နားလည်ထားရမည့်အရာဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Sexual Violence) အပိုင်း (၂)ကို မျှဝေသွားမှာဖြစ်ပါတယ်။ အပိုင်း (၂)။ ။ ။ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းကို ပုံစံအမျိုးမျိုး အခြေအနေအမျိုးမျိုး တွေ့ရလေ့ရှိပါတယ်။ ဒီအထဲမှာမှ… လိင်မှုတွေးခေါ်ယုံကြည်လက်ခံမှုအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း။ ။ ။ ။ ။🤐🤨🤔 လူတစ်ဦး၏ ကိုယ်ပိုင်ယုံလက်ခံထားတဲ့ လိင်စိတ်ခံယူမှု၊ လိင်စိတ်တိမ်းညွှတ်မှု၊ လိင်စိတ်တွေးခေါ်မှု၊ လိင်စိတ်ဆန္ဒစတဲ့ အရာတွေပေါ်မှာ ထိုသူ(ကာယကံရှင်)၏ သဘောဆန္ဒမပါဘဲ ဖိအားပေးအတင်းအကျပ် ပြောင်းလဲစေခြင်း၊ လှောင်ပြောင်သရော်ခြင်း၊ ပုံစံသွတ်သွင်းခြင်း စသဖြင့်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ဥပမာ…. ဇီဝကမ္မအရပါလာသောလိင်အပေါ်မူတည်ကာ လူတစ်ဦး ခြင်ထောင်ထဲကလိင်မှုကိစ္စအား ဝင်ရောက်စွက်ဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာတွေးခေါ်မှုအပေါ် ရှက်ရွံသိမ်ငယ်စေခြင်း စသဖြင့် ရုပ်ခန္ဓာအပေါ်ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း။ ။ ။ ။ ။😈🔥💥 မိမိ၏ လိင်စိတ်ဆန္ဒပ...

Sexual Violence ... Part -1

Image
 ပိုင်ဆိုင်တယ်ဆိုသော် ငြားလည်း လူမှုပတ်ဝန်းကျင်မှာရှိတဲ့ လိင်မှုရေးရာ လူမှုဆက်ဆံရေး စံနှုန်းတွေထဲက သဘောပေါက် နားလည်ထားရမည့်အရာဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Sexual Violence) ကို မျှဝေသွားမှာဖြစ်ပါတယ်။ အပိုင်း (၁) … လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဆိုသည်မှာ?…🤔🤔🤔 … လူတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်နာကျင်စေရန်စကားလုံးဖြင့်ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ၊ လူမှုကွန်ယက်များမှဖြစ်စေ၊ တခြားသော နည်းလမ်းအမျိုးအမျိုးဖြင့်ဖြစ်စေ လိင်ပိုင်ဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်းဖြစ်သည်။ တရားဝင် လက်ထပ်ထားရင်ရော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်လို့ရသလား?...🤔🤔🥳 … မရပါဘူး။ ငါတရားဝင်လက်ထပ်ထားတာဘဲ ကာမ ပိုင်သည်ဟုဆိုကာ အတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာ စိတ်ပိုင်း ရုပ်ပိုင်းထိခိုက်စေရန်ပြုမူ၍မရပါ။ မည်သည့်အခြေအနေ အနေအထားတွင်မဆို လူတစ်ဦးအား လိင်ပိုင်းဆိုင်ရာ စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်နာကျင်စေပါက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းပင်ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မဖြစ်ပေါ်...