What is Sex and Sex Characteristics? လိင်ဆိုသည်မှာ....

 လိင်ဆိုသည်မှာ

မင်္ဂလာပါ။ ဒီနေ့မျှဝေသွားမှာကတော့ လိင် (Sex) ဆိုတဲ့ စကားရပ်နှင့် လိင်နှင့် သဘောတရား သဘောသဘာဝ ဝိသေသလက္ခဏာရပ်တွေကို မျှဝေသွားမှာဖြစ်ပါတယ်။

လိင်၏ ဝိသေသ လက္ခဏာရပ်တွေကတော့…🤔

။ လိင်ဆိုတာ ဇီဝကမ္မအရ မွေးရာပါကတည်းက ဖြစ်တည်ပါလာတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။💥

။ လိင်ဆိုတာက မျိုးဆက်ပွားခြင်းနှင့် လိင်မှု(မေထုန်အမှု)တွေကို ပြုလုပ်ခံစားနိုင်ပါတယ်။💥

။ လိင်ဆိုတာက လူတစ်ဦး၏ စိတ်ပိုင်း/ ရုပ်ပိုင်း ကြီးထွားဖွံဖြိုးမှုကို အထောက်အကူပြုစေသော အစိတ်အပိုင်းဖြစ်ပါတယ်။💥

။ လိင်ဆိုတာက ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များတွင် လျို့ဝှက်စောင့်ထိန်းအပ်သောအရာ ဖြစ်ပါတယ်။…….💥

…….

လိင်မှာ မူလ လိင်အစိတ်အပိုင်း-Primaryနဲ့ ဆင့်ပွား လိင်အစိတ်အပိုင်း-Multiple ဆိုပြီး အစိတ်အပိုင်းတွေကို လေ့လာသိရှိနိုင်ပါတယ်။🤗

……..

မူလ လိင်အစိတ်အပိုင်းဆိုတာကတော့ မွေးဖွားကတည်းက စတင်တည်ရှိတဲ့ မူလ အရင်းအမြစ် အစိတ်အပိုင်းတွေဖြစ်ပါတယ်။ မူလ လိင်အစိတ်အပိုင်းမှာတော့ မြင်နိုင်တဲ့ အပိုင်း-Visible နဲ့ မမြင်နိုင်တဲ့ အပိုင်း-Invisible ဆိုပြီး အခြေအနေ (၂) မျိုးရှိပါတယ်။😇😇😇


မြင်နိုင်တဲ့ အပိုင်း….🤔

။ မိမိတို့ခန္ဓာကိုယ်ပေါ်မှာ မိမိတို့အနေဖြင့် မြင်နိုင်တဲ့ ရင်သား၊ တင်၊ မွေးရာပါ ကျား/ မ/ Intersex လိင်အင်္ဂါတွေ ပါဝင်ပါတယ်။

မမြင်နိုင်တဲ့ အပိုင်း….🤔

။ မိမိတို့ခန္ဓာကိုယ်ပေါ်မှာ မိမိတို့အနေဖြင့် မမြင်နိုင်တဲ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဟော်မုန်း၊ သားအိမ်နှင့် ဆက်စပ်အစိတ်အပိုင်း၊ ဝှေးစေ့နှင့် ဆက်စပ်အစိတ်အပိုင်း၊ လိင် ခံစားမှုတွေ ပါဝင်ပါတယ်။ 

ဆင့်ပွားလိင်အစိတ်အပိုင်းမှာတော့

….. မူလ လိင်အစိတ်အပိုင်းတွေကို အခြေခံပြီး ဖွံဖြိုးဖြစ်ပေါ်လာတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။😇

….. အမွှေးအမျှင်(Private hair)၊ အသံပြောင်းလဲ၊ လိင်အင်္ဂါနှင့် လူတစ်ဦး၏ စိတ်ပိုင်း/ ရုပ်ပိုင်း ကြီးထွားဖွံဖြိုးလာ၊ လိင်မှုတွေးခေါ်ခံစားခြင်း၊ မျိုးဆက်ပွားနှင့် လိင်မှု (မေထုန်ကိစ္စ)ဆိုင်ရာ လုပ်ငန်းစဉ်တွေလုပ်ဆောင်လာနိုင်တဲ့ အကြောင်းအရာတွေပါဝင်ပါတယ်။😇

…….

လိင်ကို စိတ်ပိုင်းဆိုင်ရာ လိင်နှင့် ရုပ်ပိုင်းဆိုင် လိင်ဆိုပြီး ပုံစံ (၂) မျိုးဖြင့် လေ့လာသိရှိနိုင်ပါတယ်။🤔

။ ရုပ်ပိုင်းဆိုင်ရာ လိင်ကတော့ လူတစ်ဦးတွင်ပါရှိသော ရုပ်သဘောအရဖြစ်တည်ရှိသည့် မြင်နိုင်သော မမြင်နိုင်သော လိင်ဝိသေသလက္ခဏာ အားလုံးကိုဆိုလိုပါသည်။😇

။ စိတ်ပိုင်းဆိုင်ရာ လိင်ကတော့ ရုပ်ပိုင်းဆိုင်ရာ လိင်ဝိသေသလက္ခဏာများကိုအခြေခံကာ လူတစ်ဦး၏ ခံစားချက်နှင့် အတွေးအခေါ်မှ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။😇

#NVirgo#Sexeducation#Sexualknowledge

(Post Share) မျှဝေနိုင်သည် ပုံနှင့်စာများကူးယူဖော်ပြလိုပါက ခွင့်ပြုချက်တောင်းရန်နှင့် Credit ပေးရန်မေတ္တာရပ်ခံပါသည်။

Comments

Popular posts from this blog

(Sexual Orientation) လိင်စိတ်တိမ်းညွှတ်မှုဆိုသည်မှာ …..

Sexual Violence ... Part -1