(Sexual Orientation) လိင်စိတ်တိမ်းညွှတ်မှုဆိုသည်မှာ …..
(Sexual Orientation) လိင်စိတ်တိမ်းညွှတ်မှုဆိုသည်မှာ ….. မဂ်လာပါ။ ဒီနေ့မျှဝေသွားမှာကတော့ လူသား လိင်မှုရေးရာ (Human Sexuality) တွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လူသားတွေရဲ့ လိင်စိတ်တိမ်းညွှတ်မှု (Human Sexual Orientation) ကိုမျှဝေမှာဖြစ်ပါတယ်။ လိင်စိတ်တိမ်းညွှတ်မှုဆိုတာကတော့.. လူတစ်ယောက်မှ တခြားသူအပေါ် လိင်ပိုင်း၊ ရုပ်ပိုင်း၊ ခံစားချက်နှင့် ချစ်ခြင်းမေတ္တာ သက်ရောက်မှုတွေဖြစ်ပေါ်လာတာဘဲဖြစ်ပါတယ်။ လိင်စိတ်တိမ်းညွှတ်တဲ့အခါမှာ…. အမျိုးသားက အမျိုးသမီးကိုလည်းကောင်း၊ 👫 အမျိုးသမီးက အမျိုးသားကိုလည်းကောင်း၊ 👫 အမျိုးသားက အမျိုးသားကိုလည်းကောင်း၊ 👬 အမျိုးသမီးက အမျိုးသမီးကိုလည်းကောင်း၊👭 အမျိုးသားက အမျိုးသမီးသာမက အမျိုးသားကိုလည်းကောင်း၊👫👬 အမျိုးသမီးက အမျိုးသားသာမက အမျိုးသမီးကိုလည်းကောင်း 👬👫(ဂျဲန်ဒါဆိုင်ရာအသုံးအနှုန်းအရစကားရပ်များရှိပါသေးသည်)လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်နှင့် ချစ်ခြင်းမေတ္တာဖြစ်ပေါ် သက်ရောက်ခြင်းဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ဥပမာ- ဝက်၊ မြွေ၊ သစ်ပင်၊ လိင်ပိုင်းဆိုင်ရာ ပစ္စည်းကိရိယာ၊ စီလီကွန်အရုပ် အစရှိတဲ့ တခြားသော သက်ရှိသက်မဲ့များ အရာတွေအပေါ်မှာလည်း လိင်ပိုင်းဆိုင်ရ...