Sexual Violence - Part (2)

ကိုယ်တိုင် ငြင်းဆိုပါ …..


ဒီနေ့မျှဝေမှာကတော့ လိင်မှုရေးရာ သဘောတရားတွေထဲက လူမှုပတ်ဝန်းကျင်မှာသတိပြု သဘောပေါက် နားလည်ထားရမည့်အရာဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Sexual Violence) အပိုင်း (၂)ကို မျှဝေသွားမှာဖြစ်ပါတယ်။

အပိုင်း (၂)။ ။ ။
ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းကို ပုံစံအမျိုးမျိုး အခြေအနေအမျိုးမျိုး တွေ့ရလေ့ရှိပါတယ်။ ဒီအထဲမှာမှ…

လိင်မှုတွေးခေါ်ယုံကြည်လက်ခံမှုအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း။ ။ ။ ။ ။🤐🤨🤔

လူတစ်ဦး၏ ကိုယ်ပိုင်ယုံလက်ခံထားတဲ့ လိင်စိတ်ခံယူမှု၊ လိင်စိတ်တိမ်းညွှတ်မှု၊ လိင်စိတ်တွေးခေါ်မှု၊ လိင်စိတ်ဆန္ဒစတဲ့ အရာတွေပေါ်မှာ ထိုသူ(ကာယကံရှင်)၏ သဘောဆန္ဒမပါဘဲ ဖိအားပေးအတင်းအကျပ် ပြောင်းလဲစေခြင်း၊ လှောင်ပြောင်သရော်ခြင်း၊ ပုံစံသွတ်သွင်းခြင်း စသဖြင့်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။
ဥပမာ…. ဇီဝကမ္မအရပါလာသောလိင်အပေါ်မူတည်ကာ လူတစ်ဦး ခြင်ထောင်ထဲကလိင်မှုကိစ္စအား ဝင်ရောက်စွက်ဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာတွေးခေါ်မှုအပေါ် ရှက်ရွံသိမ်ငယ်စေခြင်း စသဖြင့်

ရုပ်ခန္ဓာအပေါ်ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း။ ။ ။ ။ ။😈🔥💥

မိမိ၏ လိင်စိတ်ဆန္ဒပြေပျောက်ရန် (သို့) ဖြေလျော့ရန်အလို့ငှာ တစ်ဖက်လူ၏ သဘောဆန္ဒမပါဘဲ ထိုသူအပေါ် လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခြင်းဖြစ်သည်။
ဥပမာ…. မုဒိန်းပြုကျင့်ခြင်း၊ လိင်စိတ်ပြေပျောက်ရန် တစ်ဖက်လူဆန္ဒမပါဘဲ လိင်အဂ်ါလှန်လှောပြခြင်း၊ ဆန္ဒမပါဘဲ ခန္ဓာကိုယ်အား ထိတွေ့ပွတ်သပ်ခြင်း….

လုပ်ငန်းခွင်ဆိုင်ရာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း ။ ။ ။ ။ ။🎭🏬🤐

တစ်ဖက်လူ၏ သဘောဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်ငန်းခွင်အတွင်း ငွေအား ရာထူးအားဖြင့် အကြောင်းပြကာ (သို့) ဖိအားပေးကာ (သို့) မြူစွယ်ဖြားယောင်းကာ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကား သာယာမွေ့လျော်ခြင်းဖြစ်သည်။
ဥပမာ…. ရာထူးတိုးပေးမည် (သို့) ငွေပေးမည်ဟုဆိုကာ လိင်အကျိုးအမြတ်ရယူခြင်း၊ လိင်အမြတ်ထုတ်ခြင်း၊ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းများဖြင့် ပါးစပ်အာသာဖြေခြင်း (သို့) စနောက်ခြင်း

နည်းပညာဆိုင်ရာ လိင်ပိုင်းအကြမ်းဖက်ခြင်း။ ။ ။ ။ ။🤖🤬💻

အင်တာနက် (သို့) ဖုန်း စသောနည်းပညာအခြေခံသော လူမှုကွန်ယက်များမှတဆင့် တစ်ဖက်လူ၏ သဘောဆန္ဒမပါဘဲ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်တောင်းဆိုခြင်း၊ ငွေညစ်ခြင်း၊ ဖြန့်ဝေခြင်း ဖြစ်သည်။
ဥပမာ… လူမှုကွန်ယက်များမှတဆင့် ကာယကံရှင်တို့၏ ခွင့်ပြုချက်မပါဘဲ ပုံ/ဗွီဒီယိုဖြန့်ဝေငှခြင်း၊ ခိုးကူးခြင်း၊

ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်လူမှုဆက်ဆံရေးမှာ လိင်မှုရေးရာကိစ္စတွေက အရေးပါတာမို့ လူတစ်ဦးရဲ့ ပုဂ္ဂိုလ်ရေးလိင်ကိစ္စလျှို့ဝှက်သင့်တာတွေကိုလည်း မေ့ထားလို့မရပါဘူး။ ဒါ့ကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို ကိုယ်တိုင်ကလဲ ကိုယ့်ကိုလာလုပ်မှာကို ငြင်းဆိုသလို ကိုယ်ကတခြားသူကို ပြုလုပ်တာကိုလဲ ငြင်းဆိုရပါမယ်။

1. Sexual Violence Based on Sexual Thoughts/Beliefs
Definition:
Forcing someone to change or suppress their sexual identity, attraction, orientation, or beliefs without their consent.
Includes shaming, pressuring, mocking, or imposing stereotypes.
Examples:
Interfering in someone's sexual orientation or identity
Shaming someone for their sexual thoughts

Pressuring someone to “change” who they’re attracted to
---

2. Physical Sexual Violence (Body-related)

Definition:
Any sexual act involving physical contact without consent, used to satisfy one person’s sexual desire.

Examples:
Rape
Exposing genitalia without consent

Touching, groping, or rubbing someone’s body without consent
---

3. Workplace Sexual Violence

Definition:
Using power, position, money, or job security to pressure someone into sexual favors — with or without the victim’s consent.

Examples:
Promising promotions or money in exchange for sexual acts...
Sexual exploitation for workplace benefits
Sexually suggestive comments, jokes, or harassment in the office
---

4. Technology-Facilitated Sexual Violence

Definition:
Using phones, the internet, or social media to threaten, exploit, blackmail, or violate someone's sexual privacy.

Examples:

Sharing sexual photos/videos without consent

Non-consensual recording

Online sexual threats or extortion
---

Key Message:

You must reject sexual violence both ways —
✔️ Reject when others violate you
✔️ Reject committing these actions toward others

ပုံနှင့်စာ တိုက်ရိုက်ကူးယူဖော်ပြခွင့်မပြုပါ။ not for copy, give credit.

#Nvirgo#SexualViolence
#HumanSexuality

Comments

Popular posts from this blog

What is Sex and Sex Characteristics? လိင်ဆိုသည်မှာ....

(Sexual Orientation) လိင်စိတ်တိမ်းညွှတ်မှုဆိုသည်မှာ …..

Sexual Violence ... Part -1