(Sexual Orientation) လိင်စိတ်တိမ်းညွှတ်မှုဆိုသည်မှာ …..
(Sexual Orientation) လိင်စိတ်တိမ်းညွှတ်မှုဆိုသည်မှာ …..
မဂ်လာပါ။ ဒီနေ့မျှဝေသွားမှာကတော့ လူသား လိင်မှုရေးရာ (Human Sexuality) တွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လူသားတွေရဲ့ လိင်စိတ်တိမ်းညွှတ်မှု (Human Sexual Orientation) ကိုမျှဝေမှာဖြစ်ပါတယ်။
လိင်စိတ်တိမ်းညွှတ်မှုဆိုတာကတော့..
လူတစ်ယောက်မှ တခြားသူအပေါ် လိင်ပိုင်း၊ ရုပ်ပိုင်း၊ ခံစားချက်နှင့် ချစ်ခြင်းမေတ္တာ သက်ရောက်မှုတွေဖြစ်ပေါ်လာတာဘဲဖြစ်ပါတယ်။ လိင်စိတ်တိမ်းညွှတ်တဲ့အခါမှာ….
အမျိုးသားက အမျိုးသမီးကိုလည်းကောင်း၊ 👫
အမျိုးသမီးက အမျိုးသားကိုလည်းကောင်း၊ 👫
အမျိုးသားက အမျိုးသားကိုလည်းကောင်း၊ 👬
အမျိုးသမီးက အမျိုးသမီးကိုလည်းကောင်း၊👭
အမျိုးသားက အမျိုးသမီးသာမက အမျိုးသားကိုလည်းကောင်း၊👫👬
အမျိုးသမီးက အမျိုးသားသာမက အမျိုးသမီးကိုလည်းကောင်း 👬👫(ဂျဲန်ဒါဆိုင်ရာအသုံးအနှုန်းအရစကားရပ်များရှိပါသေးသည်)လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်နှင့် ချစ်ခြင်းမေတ္တာဖြစ်ပေါ် သက်ရောက်ခြင်းဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ဥပမာ- ဝက်၊ မြွေ၊ သစ်ပင်၊ လိင်ပိုင်းဆိုင်ရာ ပစ္စည်းကိရိယာ၊ စီလီကွန်အရုပ် အစရှိတဲ့ တခြားသော သက်ရှိသက်မဲ့များ အရာတွေအပေါ်မှာလည်း လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်နှင့် ချစ်ခြင်းမေတ္တာဖြစ်ပေါ် သက်ရောက်တာတွေရှိပါသေးတယ်။
ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ သာမာန် အမျိုးသား အမျိုးသမီး ချစ်ကြိုက် လိင်မေထုန်ပြုတာကိုဘဲ များသောအားဖြင့် သိထားကြပါတယ်။ ဒါ့ကြောင့် တခြားသောထပ်သိလာတဲ့ အရာတွေကို အသစ်အဆန်း အထူးအဆန်းဖြစ်တတ်ကြပါတယ်။ တကယ်တော့ ဒါတွေက မထူးဆန်းပါဘူး လူတစ်ဦးရဲ့မဖော်ပြလိုတဲ့ (ဖော်ပြသူလည်းရှိပါတယ်) ခံစားချက်လိင်မှုရေးရာ ဖြစ်တည်မှုက လာတာမို့လို့ လူတစ်ဦးက သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို မဖော်ပြသရွေ့ တခြားလူက သာမာန်ပြင်ပမျက်စိနဲ့ မမြင်နိုင်ပါဘူး ကြားသိနိုင်မှာမဟုတ်ပါဘူး။
လူတစ်ဦးရဲ့ လိင်စိတ်တိမ်းညွှတ်မှုက ပြောင်းလဲနိုင်ပါသလား?🤔🤔🤔
လိင်စိတ်တိမ်းညွှတ်မှုဆိုတာက ကန့်သတ်ချုပ်ချယ်လို့ရတဲ့အရာမဟုတ်ပါဘူး။ ပြောင်းလဲတယ်ဆိုတဲ့စကားလုံးပြောရင် လူတွေက ကောင်းခြင်း ဆိုးခြင်း အစွန်းနှစ်ဖက်ကို တွေးလေ့ရှိပါတယ်။ လိင်စိတ်တိမ်းညွှတ်မှုမှာ ကောင်းခြင်းဆိုးခြင်းမရှိပါဘူး ကိုယ့်ဖြစ်တည်မှုက ကို့အတွက်ပိုပြီးသက်ဆိုင်ပါတယ်။ မိမိရဲ့ဖြစ်တည်မှုကလည်း မိမိနဲ့ဘဲ ပိုသက်ဆိုင်တာမို့ တခြားလူအပေါ် မိမိပုံစံအတိုင်း ပုံစံသွတ်သွင်းလို့မရပါဘူး။ ဒီတော့ လူတစ်ဦးနဲ့တစ်ဦး လိင်စိတ်တိမ်းညွှတ်မှုက အမြဲတမ်း ၁၀၀% တသမတ်တည်းမကျနိုင်ပါဘူး။
လိင်စိတ်တိမ်းညွှတ်မှုအမျိုးအစားတွေ ဘယ်နှစ်မျိုးရှိလဲ?🤔🤔🤔
အများကြီးရှိပါတယ်။ Homosexual, Heterosexual, Bisexual, Meterosexual, Asexual, Demisexual, Pansexual, etc အစရှိသဖြင့် အမျိုးအစားအများကြီးရှိပါတယ်။ ဒါပေမယ့် ဒါတွေက လိင်မှုရေးရာ လိင်စိတ်တိမ်းညွှတ်မှု သီအိုရီသဘောတရားဖြစ်ပါတယ်။ ဒါတွေကို ပုံစံအသေသတ်မှတ်ပြီး လူတစ်ယောက်ကိုတော့ ပုံစံသွင်းလို့တော့မရပါဘူး။ တခြားလူကို မိမိသတ်မှတ်ချက် ပေတံနဲ့တိုင်းဖို့ထပ် မိမိတို့ကိုယ်တိုင်ကဘဲ လိင်မှုရေးရာ သီအိုရီသဘောတရားတွေကို သေချာနားလည်ဖို့ဘဲလိုအပ်ပါတယ်။
လူတစ်ဦးရဲ့ လိင်စိတ်တိမ်းညွှတ်မှုက မွေးရာပါ ဖြစ်တည်မှုတစ်ခုဖြစ်တဲ့အတွက် တခြားလူတွေအနေနဲ့ ဝေဖန်ဆုံးဖြတ်လို့မရပါဘူး။ လူတစ်ဦးရဲ့ လိင်မှုရေးရာကို ဝေဖန်ဆုံးဖြတ်ခြင်းက Sexuality Stereotype- လိင်မှုရေးရာ ပုံစံသွတ်သွင်းတာဖြစ်ပါတယ်။ လိင်စိတ်တိမ်းညွှတ်မှုက မည်သည့်ဖြစ်တည်မှုအပေါ်မှာမဆို ရှက်စရာ ခွဲခြားစရာမဟုတ်ပါဘူး။ မိမိရဲ့လိင်စိတ်တိမ်းညွှတ်မှု သုခက မိမိအပေါ်ဘဲမူတည်ပါတယ်။ သုခဆိုပြီးတော့ ကျန်းမာကိုလည်းမမေ့နဲ့နော် ကွန်ဒုံးဆောင် PrEP သောက်ပါ။
တသမတ်တည်းလား ဆင့်ကဲဖြစ်စဉ်လား။ ။ ။
ကျွန်တော်တို့ လူမှုပတ်ဝန်းမှာ နားနဲ့မစိမ်းတဲ့ အချစ်သီချင်းလေးတွေမှာ “အချစ်ဆိုတာ… လျို့ဝှက်ချက်တစ်ခုပါ/ နားလည်ရခက်တဲ့အရာ/ တန်းဖို့ထားတဲ့အရာ / ဝမ်းနည်းစရာ/ ပျော်ရွှင်စရာ စသဖြင့်…” နားထဲပျံ့လွှင့်လာတဲ့ အချစ်အပေါ်တင်စားဖွင့်ဆိုချက်တွေက စိတ်ဝင်စားစရာအပြည့်ပင် ဖြစ်ပါတယ်။🎶🎶🎶
Human Sexuality - လူသားလိင်မှုရေးရာတွေထဲက Sexual Orientation - လိင်စိတ်တိမ်းညွှတ်မှု (သို့) လိင်မှုရေးရာတိမ်းညွှတ်မှု ဆိုတဲ့ … ကဗျာဆန်ဆန်ပြောရရင် ချစ်ခြင်းမေတ္တာသက်ရောက် ဆက်နွယ်ခြင်းဆိုတဲ့ အကြောင်းအရာလေးထဲက စိတ်ဝင်စားစရာကောင်းတဲ့ သဘောသဘာဝလေးတွေကို မျှဝေသွားမှာဖြစ်ပါတယ်။
“လူတွေရဲ့အတွေ့အကြုံတွေကနေ သီကုံးထားတဲ့ သီချင်းလေးတွေထဲကအတိုင်းဘဲ လူသားတွေရဲ့ အရောင်စုံလင်လှတဲ့အချစ်က လူမှုပတ်ဝန်းကျင်မှာ ထင်ဟပ်နေပါတယ်”🔊
.... Human Sexuality-လူသားလိင်မှုရေးရာတွေထဲက အစိတ်အပိုင်းလေးတစ်ခုဖြစ်တဲ့ Sexual Orientation-လိင်စိတ်တိမ်းညွှတ်မှု အကြောင်း အခြေခံသင်ခန်းစာတွေမှာဆိုရင် ယေဘုယျအားဖြင့်
... လိင်တူခြင်း(ဥပမာ-အမျိုးသားအချင်းချင်း၊ အမျိုးသမီးအချင်းချင်း)ကြိုက်နှစ်သက်ရင်-Homo Sexual
... လိင်ကွဲ (အမျိုးသားနှင့်အမျိုးသမီး)ကြိုက်နှစ်သက်ရင်-Hetero Sexual
... လိင်တူ လိင်ကွဲ (အမျိုးသမီးရော အမျိုးသားရော နှစ်မျိုးလုံးကို) ကြိုက်နှစ်သက်ရင်-Bi Sexual
စတဲ့ အခြေခံစနေ စတင်ထိတွေ့ကြရလေ့ရှိပါတယ်။ လိင်စိတ်တိမ်းညွှတ်မှု အခြေခံသဘောတရားမှာလည်း ဒီသဘောတရားလေးကို သေချာသိနားလည် သဘောပေါက်ဖို့လိုအပ်ပါတယ်။
♨️.... ဒီSexual Orientation မှာ သင်တန်းသားတွေ ကန့်သတ်စွဲမိတဲ့ အရာလေးတစ်ခုရှိတယ်.... အဲ့တာက လူတစ်ယောက်မှာရှိတဲ့ Sexual Orientation ဆိုတာက တစ်သက်လုံးဒါဘဲဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်စွဲလေးပါဘဲ။ (ဥပမာ ယောက်ကျားချင်းကြိုက်သူက တစ်သက်လုံး ယောက်ကျားချင်းသာကြိုက်မည် ကြိုက်ရမည်ဟုလည်းကောင်း၊ မိန်းမသာကြိုက်သူကို တစ်သက်လုံး မိန်းမဘဲကြိုက်မည် ကြိုက်ရမည်ဟုလည်းကောင်း ကန့်သတ်စွဲခြင်း...)
♨️.... ယောက်ကျားခြင်းကြိုက်နေသူက မိန်းမယူသွားခဲ့လို့ရှိရင် (တစ်သက်လုံး၆လာတာ အခုမှဘာထဖြစ်တုန်း၊ ပြန်ကျားတာလား၊ ဇွတ်ကျားတာလား၊ မထော်) စသဖြင့် ပြောဆိုကန့်သတ်စွဲလေ့ရှိသလို...
♨️.... အမျိုးသမီးကိုကြိုက်နေသူ အမျိုးသားက တစ်ခြားအမျိုးသားတစ်ယောက်ကို ကြိုက်နှစ်သက်သွားပါက (မထင်ထားဘူးနော် အပုန်းကြီးလား၊ သူက တစ်သက်လုံးဇွတ်ကျားခဲ့ရမှာပေါ့၊ မထင်ထားဘူး၊ အရမ်းထိန်းနိုင်တာဘဲ) စသဖြင့် ပြောဆိုကန့်သတ်စွဲလေ့ရှိပါတယ်။
……
ဆိုလိုတာကတော့ လူတစ်ဦးရဲ့ လိင်စိတ်ဆန္ဒတိမ်းညွှတ်မှုဆိုတာ တစ်ဦးထဲကိုသာ တစ်ရာရာခိုင်နှုန်း အမြဲတမ်း တစ်သမတ်ထဲသက်ရောက်မနိုင်ပါဘူး ဒါကိုနားလည်လက်ခံဖို့လိုအပ်ပါတယ်။
🚨Sexual Orientation-လိင်စိတ်တိမ်းညွှတ်မှုတိုဆိုတာ ကာယကံရှင်ထပ် ဘေးလူတွေက ပိုမသိနိုင်ပါဘူး။ ထို့အတူဘဲ လိင်စိတ်တိမ်းညွှတ်မှု့ဆိုတာ ယောက်ကျားခြင်းကြိုက်လို့ တစ်သက်လုံးယောက်ကျားခြင်း ကြိုက်ရမယ်လို့ မဆိုလိုပါဘူး.... မည်သူမဆို ဒီသဘောတရားကိုကောင်းကောင်းနားလည်ဖို့ လိုအပ်ပါတယ်။ ကန့်သတ်စွဲတွေမဖြစ်အောင်သတိပြုရပါမယ်။
မိမိကိုယ်ကို မေးခွန်းထုတ်ခြင်း…..🤔❓
📝သေချာပါတယ် မိမိရဲ့ နားလည်မှုအပေါ် ဒွိဟဖြစ်နေတဲ့အခါ (သို့) နားလည်ပေးရခက်တဲ့အခါ ရှိပါလိမ့်မယ်။ ဒီအခြေအနေတွေမှာ မိမိကိုယ်ကိုမေးခွန်းထုတ်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် တခြားသူတွေကို မေးခွန်းမထုတ်ခင်မှာ ကိုယ်တိုင်မေးခွန်းရဲ့ အဓိပ္ပာယ်ကိုနားလည်ဖို့ အရင်မေးခွန်းထုတ်ရပါမယ်။
မေးခွန်းထုတ်ကြည့်ရအောင်…..❓❓❓
🤔မိမိအနေ၏ လိင်စိတ်တိမ်းညွှတ်မှုကရော
❓။ မည်သည့်အရာကိုတိမ်းညွှတ်ပါသလဲ? (လူပုဂ္ဂိုလ် - ကျား၊ မ၊ တခြားသော Gender များ/ တိရိစ္ဆာန်များ၊ အရာဝတ္ထုများ…စသဖြင့်)
❓။ တသမတ်တည်းရှိပါသလား?
❓။ ကိုယ်တိုင် ကိုယ့်ဖြစ်တည်မှုကိုလက်ခံပါရဲ့လား? စတဲ့အခြေခံ လိင်စိတ်တိမ်းညွှတ်ခြင်းရဲ့ဖြစ်တည်မှုကို မေးခွန်ထုတ်ကြည့်နိုင်ပါတယ်။
(လိင်မှု့ရေးရာ မိမိကိုယ်ကို မေးခွန်းထုတ်ခြင်းနဲ့ပတ်သတ်တဲ့ အသေးစိတ်ကိုတော့ နောက် အပိုင်းဆက်များမှာဆက်လက်မျှဝေသွားမှာဖြစ်ပါတယ်)
“အချစ်မှာအပြစ်မရှိဆိုတာကို အပြောနဲ့တင် မဟုတ်ဘဲ အမှန်တကယ် မိမိကိုယ်တိုင်လက်ခံဖို့လိုအပ်ပါတယ်။"
.......
Sexual Orientation refers to the enduring pattern of emotional, romantic, and/or sexual attraction that a person feels toward others. It includes sexual, physical, emotional, and romantic attraction — not only sex.
1. What Sexual Orientation Means
A person may be attracted to:
Men
Women
All genders
No one
or even to non-human objects or entities (in rare documented cases).
Sexual orientation cannot be seen from the outside.
It exists internally and is revealed only if the person chooses to express it.
---
2. Types of Attraction (Basic Theory Introduced to Learners)
Common categories used in sexuality education include:
👩❤️👨 Heterosexual —
attraction to the opposite sex
👨❤️👨👩❤️👩 Homosexual —
attraction to the same sex
👨👨👩/ 👩👩👨 🩷 Bisexual —
attraction to more than one gender
🩷 Asexual, Demisexual, Pansexual, Meterosexual, etc.
You emphasize that these labels are theoretical tools, not rigid boxes.
No one should define another person’s identity using these labels without consent.
---
3. Key Clarification: Orientation Is Not Fixed to One Pattern
Many people assume:
“If someone likes men, they must always like men forever.”
Your lecture corrects this misconception.
Sexual orientation: is not always 100% fixed,
can be fluid for some individuals, and must not be judged by binary ideas like “changed,” “turned,” or “switched.”
Human attraction is diverse and influenced by personal experience, not social expectations.
---
4. Social Judgment & Stereotypes
🔥 You highlight harmful reactions people express:
🔥 “He used to like men, now he’s with a woman — what happened?”
🔥 “She liked men, now she likes women — she must be hiding something.”
These reflect sexuality stereotypes, not truth.
Sexual orientation is:
🩷 personal
🩷 internal
🩷 not for others to decide or judge
🩷 No one has the right to shame or control another person’s sexual identity.
---
5. Personal Reflection Questions
You encourage learners to reflect on:
⁉️ What am I attracted to?
⁉️ Is my attraction fixed or fluid?
⁉️ Do I fully accept my own identity?
These questions help develop self-awareness before questioning others.
---
6. Ethics & Safety
💌 You end with an important reminder:
💌 Sexual orientation has no “right” or “wrong.”
💌 Each person’s wellbeing is what matters.
💌 Stay healthy, use condoms, take PrEP if needed.
---
7. Closing Message
“Love has no sin.”
It must be understood, accepted, and respected, not restricted by stereotypes.
You encourage respectful dialogue and emphasize:
လိင်စိတ်တိမ်းညွှတ်မှုနဲ့ ပတ်သတ်ပြီး မိမိတို့အနေနဲ့ နားမလည်တာ ထပ်သိချင်တာလေးတွေရှိရင်လည်း မေးမြန်းလေ့လာနိုင်ပါတယ်။
(Share)မျှဝေနိုင်သည် ပုံနှင့်စာများတိုက်ရို
က်(Copy)ကူးယူဖော်ပြခွင့်မပြုပါ။ freely share, give credit and reference.
#NVirgo#Sexuality
#Sexualorientation
#knowledge


Comments
Post a Comment